နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုးမား နည်းပြ ရာထူး အတွက် သတင်းတွေ ထွက်လာပြန်တဲ့ ယာဂင် ကလော့ပ် | စီးရီးအေ

ဂျာမနီ လူမျိုး ဂန္တဝင် နည်းပြဟောင်းကြီး ယာဂန် ကလော့ပ် ကတော့ လက်ရှိမှာ ဘောလုံးလောကထဲကို ပြန်လည် ဝင်ရောက်တော့မယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ကလော့ပ်ဟာ မကြာသေးခင်က လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြ ရာထူး အတွက် ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ သတင်းတွေ အရ ဆိုရင်တော့ ကလော့ပ်ဟာ စီးရီးအေ ကလပ် ရိုးမားရဲ့ နည်းပြ ဖြစ်လာဖို့ အတွက် ရေပန်းစားနေတယ်လို့ သိရပါတယ်။ 

အသက် ၅၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျာမန် လူမျိုး နည်းပြ ယာဂင် ကလော့ပ်က ၂ဝ၂၄ ခုနှစ်မှာ လစ်ဗာပူးလ် ကနေ နှုတ်ဆက်ပြီး နည်းပြ ဘဝ ကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။ ကလော့ပ်ဟာ ၂၀၂၅ ခုနှစ် အစောပိုင်း ကနေ လက်ရှိ အချိန်ထိ ရက်ဘူးလ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံး အကြီးအကဲ အဖြစ် တာဝန်ယူနေဆဲ ဖြစ်ပါတယ်။ ကလော့ပ်ဟာ ရက်ဘူးလ် ပိုင်ဆိုင်တဲ့ အသင်းတွေ ဖြစ်တဲ့ လိုက်ပ်ဇစ်၊ နယူးယော့ခ် ရက်ဘူးလ်၊ လိဒ်စ်ယူနိုက်တက်နဲ့ ပဲရစ်အက်ဖ်စီ တို့ရဲ့ မဟာဗျူဟာမြောက် စီမံကိန်းတွေကို ကြီးကြပ်နေရသူ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေ မထွက်ခင်က ကလော့ပ်ဟာ ရက်ဘူးလ်ရဲ့ ဘောလုံးဆိုင်ရာ အကြီးအကဲ အဖြစ် လုပ်ကိုင်နေရတာကို မပျော်ရွှင် ဖြစ်နေတယ်လို့ ကောလာဟလတွေ ထွက်နေပြီး မြက်ခင်းစိမ်းကို လွမ်းဆွတ်နေတယ် သိရပါတယ်။ နည်းပြ ဘဝမှာ ဘွန်ဒက်စ်လီဂါ၊ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေ ကိုင်မြှောက်နိုင်ခဲ့တဲ့ နည်းပြကြီးဟာ နေ့စဉ်နဲ့ အမျှ နည်းပြ လုပ်ငန်းကို ပြန်လည် လုပ်ကိုင်ချင်နေတယ် ဆိုပြီး သတင်းတွေက ဖော်ပြနေပါတယ်။

La Stampa ကတော့ စီးရီးအေ ကလပ် ရိုးမားဟာ ကလော့ပ်နဲ့ အပြည့်အဝ သဘောတူညီမှု ရရှိပြီလို့တောင် ဖော်ပြထားပါတယ်။
ထိပ်တန်း နည်းပြသစ် တစ်ဦး ရှာဖွေနေတဲ့ ရိုးမား

La Stampa သတင်းဌာနရဲ့ ဖော်ပြချက်အရ ကလော့ပ်ဟာ စီးရီးအေ ကလပ် ရိုးမားကို ကိုင်တွယ်နိုင်ခြေ ရှိနေတယ်လို့ သိရပါတယ်။ ရိုးမားဟာ လက်ရှိမှာ ချဲလ်ဆီးနဲ့ လက်စတာစီးတီး နည်းပြဟောင်း ကလော်ဒီယို ရာနီယေးရီနဲ့ ရာသီအကုန်မှာ လမ်းခွဲတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် လစ်လပ်တော့မယ့် အသင်းရဲ့ နည်းပြ နေရာ အတွက် ထိပ်တန်း နည်းပြတွေကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ရိုးမား အသင်း ပိုင်ရှင် ဖရိုင်းကင် အဖွဲ့အစည်း ကလည်း ကလော့ပ်ကို အချိန်အတော်ကြာ ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်နေခဲ့ကြောင်းလည်း သိရပါတယ်။ La Stampa ကတော့ စီးရီးအေ ကလပ် ရိုးမားဟာ ကလော့ပ်နဲ့ အပြည့်အဝ သဘောတူညီမှု ရရှိပြီလို့တောင် ဖော်ပြထားပါတယ်။ 

ကလော့ပ်ဟာ ရက်ဘူးလ်ရဲ့ ဘောလုံးအဖွဲ့အစည်း ကနေ ထွက်ခွာပြီးနောက် အီတလီကို ပြောင်းရွှေ့ဖို ပြင်ဆင်နေကြောင်း၊ တခြားသော ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု ရှိတဲ့ အသင်း တစ်သင်းနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် လက်ရှိ မှာတော့ အီတလီရဲ့ မြို့တော် ကလပ် ကိုသာ ဦးတည်ဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ လက်ရှိမှာ ထွက်ပေါ်နေတဲ့ ကောလာဟလတွေနဲ့ ပတ်သတ်လို့တော့ ကလော့ပ်ရဲ့ အေးဂျင့် ဖြစ်သူက သတင်းတွေဟာ မှန်ကန်မှု မရှိကြောင်း ငြင်းဆန်ထားခဲ့ပါတယ်။ ဒါပေမယ့် နည်းပြ အလုပ်ကို ပြန်လည် လုပ်ကိုင်ချင်နေတဲ့ ကလော့ပ် အနေနဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေ အတိုင်း ရိုးမားရဲ့ နည်းပြသစ် ဖြစ်လာမလား ဒါမှမဟုတ် တခြားသော ထိပ်တန်း ကလပ် တစ်ခုခုရဲ့ နည်းပြပဲ ဖြစ်လာမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘောလုံး ပရိသတ် အများစု ကတော့ ကလော့ပ်လို နည်းပြ တစ်ဦးကို မြက်ခင်းစိမ်းပေါ်မှာ ပြန်လည် မြင်တွေ့ချင်နေကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်