အဲလ်နာဆာ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ၂၀၂၅ ခုနှစ် အတွင်း သွင်းဂိုး ၄၀ ပြည့်မြောက်သွားပြီးနောက် သူ့ရဲ့ သွင်းဂိုး ၁၀၀၀ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ အိမ်မက်တွေ တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီ ဖြစ်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ်မှာ အဲလ်နာဆာက ရော်နယ်ဒိုရဲ့ သွင်းဂိုး ၂ ဂိုး အပါအဝင် ၃-၀ နဲ့ အဲလ်ခါဒေါက်ကို အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် အခုပွဲမှာ သွင်းဂိုး ၂ ဂိုး ထပ်ရခဲ့တဲ့ ရော်နယ်ဒိုက ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝ တစ်လျှောက် သွင်းဂိုး အရေအတွက်က ၉၅၆ ဂိုး အထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။
ပေါ်တူဂီ GOAT ကြီးရဲ့ အဲလ်နာဆာက ဒီရာသီ ဆော်ဒီပရိုလိဂ်မှာ ၁၀ ပွဲကစား၊ ၁၀ ပွဲ အနိုင်ရကာ ရမှတ် ၃၀ နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ရာသီတွေ အတွင်း ဆုဖလား အောင်မြင်မှု ရည်မှန်းချက်တွေ ကျရှုံးခဲ့ရတဲ့ ရော်နယ်ဒို တယောက် ဒီရာသီ မှာတော့ ဆော်ဒီပရိုလိဂ် ချန်ပီယံဆုနဲ့ အောင်ပွဲခံဖို့ မျှော်လင့်ချက် ရှိနေပြီ ဖြစ်ပါတယ်။
အဲဒီပွဲ အပြီးမှာ ရော်နယ်ဒိုက သူ့ရဲ့ X အကောင့် ကနေ ‘အောင်မြင်မှုရဖိုအတွက် တစ်ခုတည်းသော နည်းလမ်းက အလုပ် ကြိုးစားခြင်းပဲ’ ဆိုပြီးတော့ ပို့စ်တင်ခဲ့ပါတယ်။ အသက် ၄၀ အရွယ် ရော်နယ်ဒိုက လက်ရှိအချိန်ထိ ထိပ်တန်းအဆင့် ခြေစွမ်းကောင်းတွေ ပြသနေဆဲ ဖြစ်ပြီး ဘောလုံးပြက္ခဒိန် တစ်ခု အတွင်း ဂိုး ၄၀ နဲ့အထက် သွင်းနိုင်ခဲ့တာက အခုဆိုရင်တော့ ၁၄ ကြိမ် အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကို ကမ္ဘာပေါ်က ဘယ်ကစားသမား ကမှ လက်ရှိအချိန်ထိ လိုက်မှီခြင်း မရှိသေးပါဘူး။

ရော်နယ်ဒိုရဲ့ ဘောလုံးသမားဘဝ တစ်လျှောက် ဘောလုံးပြက္ခဒိန် တစ်ခု အတွင်း ကလပ်နဲ့ နိုင်ငံအသင်း အတွက် သွင်းဂိုး အများဆုံး ဖြစ်ခဲ့တာက ၂၀၁၃ ခုနှစ်တုန်းက ဖြစ်ပြီး ၆၉ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသက် ၃၀ နောက်ပိုင်းမှာ ပွဲပေါင်း ၅၈၂ ပွဲ ကစားကာ ၄၉၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၀၅ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တာ ကလည်း အံမခန်း စွမ်းဆောင်ရည် ဖြစ်ပါတယ်။ အခုဆိုရင် ရော်နယ်ဒိုက ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝမှာ ပွဲပေါင်း ၁၃၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်သလို သွင်းဂိုး ကတော့ ၉၅၆ ဂိုး ရှိကာ ဂိုးဖန်တီးမှု ၂၆၀ အထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ကစားသမားဘဝ နေဝင်ချိန်ကို ရောက်နေပြီ ဖြစ်ပေမယ့် ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ ကြိုးစားအားထုတ်မှုနဲ့ နိုင်လိုစိတ်ပြင်းထန်မှုတွေမှာ ဘယ်ကစားသမားမှ ယှဉ်လို့မရသေးသူ ဖြစ်ပါတယ်။ သူဟာ ပါရမီထက် ကြိုးစားမှုကို အခြေခံတဲ့ ကစားသမား ဖြစ်တာကြောင့် ဒီအရွယ်အထိ လူငယ်တွေနဲ့ ရင်ဘောင်တန်းက ခြေစွမ်းပြနိုင်နေတာ ဆိုရင်လည်း မမှားပါဘူး။ ရော်နယ်ဒိုက လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာလည်း ပေါ်တူဂီနဲ့ အတူ ၆ ကြိမ်မြောက် အဖြစ် စံချိန်တင် ပါဝင်ဆင်နွှဲသွားဖို့ ရှိပြီး ဘောလုံးသမား ဘဝ ကနေ အနားယူဖို့ အစီအစဉ် မရှိသေးကြောင်း သိရပါတယ်။ ဒါကြောင့် ရော်နယ်ဒိုကို နောက်ထပ် ၂ နှစ်လောက် မြက်ခင်စိမ်းပေါ်မှာ ဆက်လက် မြင်တွေ့ရဖို့ ရှိနေဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


