နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိုးထရက်ဖို့ဒ်မှာ နယူးကာဆယ်ကို ပြီးခဲ့တဲ့ရာသီက ရှုံးကြွေး ပြန်ဆပ်ရမယ့် ယူနိုက်တက် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် – နယူးကာဆယ်

ပရီးမီးယားလိဂ် ဘောက်ဆင်းဒေး ပွဲစဉ်တွေ စတင်ပြီ ဖြစ်ပြီး အစောဆုံး ပွဲစဉ် အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်တို့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး ငှက်ကြားတွေကို ဒူးထောက်ထားရတဲ့ သရဲနီတို့ ရှုံးကြွေး ပြန်ဆပ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

မန်ချက်စတာယူနိုက်တက် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပြန်လည် ပျောက်ဆုံးထားပါတယ်။ အက်စတွန်ဗီလာနဲ့ ပွဲမှာ ယူနိုက်တက်က ခြေစွမ်းကောင်းခဲ့ပေမယ့် ခံစစ်ရဲ့ အားနည်းချက်ကြောင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အမော်ရင်ရဲ့ အသင်းက နောက်ပိုင်း ပွဲတွေမှာ ခြေစွမ်းပိုင်း အဆိုးကြီး မဟုတ်တော့ပေမယ့် အားနည်းချက် တချို့ကို မပြင်ဆင်နိုင်သေးလို့ ရလဒ်တွေ ဆိုးနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံး ၅ ပွဲမှာ ၁၂ ဂိုး သွင်းယူထားနိုင်လို့ တိုက်စစ်ပိုင်းက မဆိုးလှပေမယ့် ခံစစ်ပိုင်း ကတော့ သတိကြီးကြီး ထားဖို့ လိုအပ်နေပါလိမ့်မယ်။ နောက်တစ်ချက်က ဒီပွဲမှာ ယူနိုက်တက်က အဓိက ကစားသမား ၇ ဦးလောက် မပါပဲ ကစားရမှာ ဖြစ်ပါတယ်။ အဓိက ကတော့ ဘရူနို ဖာနန်ဒက်စ် ကြွက်သား ဒဏ်ရာကြောင့် ပွဲအတော်များများကို လွဲချော်ရဖို့ များနေတာ ဖြစ်ပြီး ယူနိုက်တက်က ပေါ်တူဂီသား မကစားနိုင်တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲမှ မရခဲ့ပါဘူး။ ကွင်းလယ်ပိုင်း မှာတော့ ကက်စ်မဲရိုး ပွဲပယ် ပြစ်ဒဏ် ကနေ လွတ်မြောက်လာလို့ အခုပွဲမှာ ပြန်လည် ပါဝင်လာဖို့ ရှိနေပါတယ်။

နယူးကာဆယ် ကလည်း ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ထားလို့ ဒီပွဲမှာ ရလဒ်ကောင်း တစ်ခု ပြန်လည် ရှာဖွေဖို့ အားစိုက်လာမှာ သေချာပါတယ်။ ချဲလ်ဆီးနဲ့ ပွဲမှာ ငှက်ကြားတွေက တော်တော်လေးကို အားပါကောင်းမွန်တဲ့ High Pressing နဲ့ ကစားပြီး မိနစ် ၂၀ အတွင်း ဦးဆောင်ဂိုး ၂ ဂိုး ရခဲ့ပေမယ့် ပြိုင်ဘက်ရဲ့ Comeback ကြောင့် ချေပဂိုးတွေ ပြန်ပေးရပြီး သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ထားရပါတယ်။ တစ်ခု ရှိတာက နယူးကာဆယ်က ၁၉၃၅ ခုနှစ် မတ်လ နောက်ပိုင်း အိုးထရက်ဖို့ဒ်မှာ နှစ်ကြိမ်ဆက် အနိုင်မရခဲ့ဖူးပါဘူး။ နောက်ပြီး ဒီပွဲမှာ နယူးကာဆယ်သာ အနိုင်ရခဲ့မယ် ဆိုရင် ယူနိုက်တက်ကို ကျော်တက်ပြီး အမှတ်ပေးဇယားမှာ ရပ်တည်နိုင်မှာပါ။ လက်ရှိ နယူးကာဆယ် အတွက် ခြေစွမ်းပြနေသူက တိုက်စစ်မှူး နစ်ခ် ဝေါလ်တီမာဒါ ဖြစ်ပြီဂ ပရီးမီးယားလိဂ်မှာ ၇ ဂိုး သွင်းယူထားပါတယ်။ ဒါဟာ ကလင်းစ်မန်း၊ ပိုဒေါလ်စကီးနဲ့ ရှာရယ်တို့ ပြီးရင် ဂျာမန် ကစားသမား တစ်ယောက်ရဲ့ စတုတ္ထမြောက် အကောင်းဆုံး ပွဲဦးထွက်ရာသီလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမား ဖြစ်ပြီး ယူနိုက်တက်ရဲ့ အားနည်းနေတဲ့ နောက်တန်းကို ဝေါလ်တီမာဒါ အနေနဲ့ ဘယ်လောက်အထိ ဒုက္ခပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ နယူးကာဆယ်က ၄ ကြိမ် နိုင်ပြီး ယူနိုက်တက်က ၁ ကြိမ်သာ ပြန်လည် အနိုင်ရခဲ့ပါတယ်။
၁၉၃၅ နောက်ပိုင်း အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို ၂ ကြိမ်ဆက် အနိုင်မရဖူးတဲ့ နယူးကာဆယ်

အခုပွဲကိုတော့ ယူနိုက်တက် ဘက်က အာဖရိကဖလား သွားကစားတဲ့ အာမက်ဒ်၊ မက်ဇရာရီနဲ့ အမ်ဘူမိုတို့ လွဲချော်မှာ ဖြစ်သလို မက်ဂွိုင်းယား၊ ဒီလစ်ဂျ်၊ ဘရူနို ဖာနန်ဒက်စ်နဲ့ မိန်းနူး တို့ကလည်း ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ဖို့ မရှိပါဘူး။

နယူးကာဆယ် မှာလည်း ဒဏ်ရာရကစားသမားတွေ များပြားနေပြီး နစ်ခ် ပုပ် ပါဝင်လာဖို့ မသေချာသလို ဘန်း၊ ခရက်ဖ်၊ လက်ဆဲလက်စ်၊ ထရစ်ပီယာ၊ ဘော့တ်မန်း၊ လစ်ဗာရာမန်တို၊ အိုဆူလာ တို့ လွဲချော်ကြပါမယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

မန်ချက်စတာယူနိုက်တက် – လမ်မန်းစ်၊ ယိုရို၊ ဟဲဗန်း၊ ရှော၊ ဒါးလော့တ်၊ ကက်စ်မဲရိုး၊ မာတီနက်ဇ်၊ ဒေါဂူ၊ မောင့်၊ ကူညာ၊ ဆက်စ်ကို

နယူးကာဆယ် – ရမ်းစ်ဒေးလ်၊ မိုင်လီ၊ သီယော၊ ရှား၊ ဟောလ်၊ ဂီမာရေ့စ်၊ တိုနာလီ၊ ရမ်ဆေး၊ မာဖီ၊ ဝေါလ်တီမာဒါ၊ ဂေါ်ဒွန်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပြိုင်ပွဲ နောက်ဆုံး ၃၁ ကြိမ် တွေ့ဆုံမှုမှာ ယူနိုက်တက်က ၁၆ ပွဲနိုင်၊ နယူးကာဆယ်က ၉ ပွဲနိုင်ပြီး ၆ ပွဲ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ နယူးကာဆယ်က ၄ ကြိမ် နိုင်ပြီး ယူနိုက်တက်က ၁ ကြိမ်သာ ပြန်လည် အနိုင်ရခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် မှာတော့ ယူနိုက်တက်က ၃ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျပြီး နယူးကာဆယ်က ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ယူနိုက်တက် နိုင်ရင် ၂.၅၈ ဆ၊ နယူးကာဆယ် နိုင်ရင် ၂.၄၉ ဆ၊ သရေ ဆိုရင်တော့ ၃.၁၉ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးလောက်ပဲ ပေါက်နေပြီး ဂိုးပေါင်းကြေး ကလည်း ၄ မျိုးလောက် ဖွင့်ပေးထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ဖာနန်ဒက်စ် မပါဝင်တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၇ ပွဲမှာ ၆ ပွဲ ရှုံးနိမ့်ခဲ့ရုံ သာမက သွင်းဂိုး ကလည်း ၄ ဂိုးသာ ရခဲ့ပါတယ်။ နှစ်သင်းစလုံးက ခံစစ်ပိုင်း အားနည်းနေကြပြီး ဘယ်အသင်း ပိုမှားမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ လက်ရှိ စုဖွဲ့မှု အရတော့ နယူးကာဆယ်ရဲ့ လူစာရင်းကို ပိုပြီး မျှော်လင့်ထားချင်တာတော့ အမှန်ပါ။ ငှက်ကြားတို့ ၁ ဂိုးလောက်နဲ့ပဲ ကပ်နိုင်သွားဖို့ များပါတယ်။

ခန့်မှန်းရလဒ်

မန်ချက်စတာယူနိုက်တက် ၀-၁ နယူးကာဆယ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်