နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟွိုက်ဂျ်လန်းနဲ့ ဇီယက်ခ်ဇီး တို့ကို ရောင်းချဖို့ စီးရီးအေ ကလပ်တွေနဲ့ ဆွေးနွေးနေတဲ့ ယူနိုက်တက်၊ အီးဇီးကို ပေါင် သန်း ၇၀ နီးပါး ရမှ လက်လွှတ်သွားမယ့် ပဲလေ့စ် | ပရီးမီးယားလိဂ်

နွေရာသီ အပြောင်းအရွှေ့ မတိုင်ခင် ထွက်ပေါ်နေတဲ့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ အလှုပ်အခတ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဂျော်ရွှာ ဇီယက်ခ်ဇီးနဲ့ ရက်စ်မက်စ် ဟွိုက်ဂျ်လန်း တို့ကို ရောင်းချဖို့ အတွက် စီးရီးအေ ကလပ်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း The Independent က ဖော်ပြခဲ့သည်။ ဒီတိုက်စစ်မှူး ၂ ဦး နေရာမှာ အစားထိုးဖို့ အတွက် ပရီးမီးယားလိဂ် ကလပ်က လီယမ် ဒီလက်ပ်နဲ့ အန်တိုနီ ဆီမီညို တို့ကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

ဆက်စပ် သတင်းတွေအရ အင်တာမီလန်ဟာ ဇီယက်ခ်ဇီးကို ကနဦး အငှားစာချုပ်နဲ့ အတူ ယူရို ၃၅ သန်း (ပေါင် ၂၉.၄ သန်း၊ ဒေါ်လာ ၃၉.၁ သန်း) တန်ကြေး ရှိတဲ့ စာချုပ်နဲ့ အပြီးသတ် ခေါ်ယူဖို့ အသင့် ဖြစ်နေကြောင်း Corriere dello Sport က ဖော်ပြခဲ့ပါတယ်။ အင်တာမီလန် အနေနဲ့ ဇီယက်ခ်ဇီးကို အပြီးသတ် ခေါ်ယူချင်နေပေမယ့်လည်း ကစားသမားရဲ့ ခြေစွမ်းပေါ် မူတည်ပြီး အခြေအနေကို အရင်ဆုံး စောင့်ကြည့်ချင်နေတာ ဖြစ်ပါတယ်။

Tutto Atalanta ရဲ့ ဖော်ပြချက်အရ ယာကုဗ် ခီဗီယော ကတော့ ဒီနွေရာသီမှာ အာဆင်နယ် ကနေ ထွက်ခွာဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ ပိုလန် နောက်ခံလူ ကိုတော့ စီးရီးအေ ကလပ်တွေက စိတ်ဝင်စားနေပြီး အာဆင်နယ် ဘက်ကတော့ ယူရို ၃၅ သန်း (ပေါင် ၂၉.၄ သန်း၊ ဒေါ်လာ ၃၉.၁ သန်း) ရရှိမှသာ ရောင်းထုတ်လို့နေပါတယ်။

လစ်ဗာပူးလ် ကွင်းလယ်လူ ဟာဗေး အဲလီယော့တ် ကတော့ ဒီနွေရာသီမှာ ဝုဗ်ကို ပြောင်းရွှေ့မှာ ဖြစ်ကြောင်း GIVEMESPORT က ဖော်ပြခဲ့ပါတယ်။ အဲလီယော့တ် အတွက် လစ်ဗာပူးလ် ဘက်က ပေါင် သန်း ၅၀ (ဒေါ်လာ ၆၆.၄ သန်း) နဲ့ ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

Fichajes ရဲ့ ဖော်ပြချက် အရတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးဟာ ချဲလ်ဆီးနဲ့ အတူ ဒီနွေရာသီမှာ အီးဇီးကို ခေါ်ယူဖို့ စတင် ကြိုးပမ်းနေပြီလို့ သိရပါတယ်။
ပဲလေ့စ်နဲ့ အတူ အကောင်းဆုံး ခြေစွမ်းပြပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲ မှာလည်း အနိုင်ဂိုး သွင်းထားတဲ့ အီးဇီး

ဘုန်းမောက်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ နွေရာသီ အပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့် အသက် ၁၇ နှစ် အရွယ် ပီအက်စ်ဂျီ နောက်ခံလူ အဲက်ဆဲလ် တိပ်ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း Sports Zone က ဖော်ပြခဲ့ပါတယ်။ ဒီကစားသမားရဲ့ အပြောင်းအရွှေ့ ကိုတော့ ဘွန်ဒက်စ်လီဂါ ထိပ်သီး လေဗာကူဆင်က ဦးဆောင်လျက် ရှိနေပါတယ်။

ခရစ္စတယ်ပဲလေ့စ် ကတော့ အီဘာရီချီ အီးဇီးကို ပေါင် ၆၈ သန်း (ဒေါ်လာ ၉၀.၃ သန်း) နဲ့ လက်လွှတ်သွားဖို့ ရှိနေကြောင်း Football Insider က ဖော်ပြခဲ့သည်။ တော့တင်ဟမ်ဟော့စပါးဟာ အီးဇီးကို ခေါ်ယူဖို့ အပြောင်းအရွှေ့ကို ဦးဆောင်နေပေမယ့်လည်း မန်ချက်စတာ မြို့ခံ နှစ်သင်း ကလည်း မကြာခင်မှာ ပါဝင်လာဖို့ ရှိနေတယ်လို့ သိရပါတယ်။ Fichajes ရဲ့ ဖော်ပြချက် အရတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးဟာ ချဲလ်ဆီးနဲ့ အတူ ဒီနွေရာသီမှာ အီးဇီးကို ခေါ်ယူဖို့ စတင် ကြိုးပမ်းနေပြီလို့ သိရပါတယ်။

ဘင်ဂျာမင် ဆက်စ်ကို အတွက် လိုက်ပ်ဇစ် ဘက်က လိုချင်နေတဲ့ ပြောင်းရွှေ့ကြေးဟာ နွေရာသီ အပြောင်းအရွှေ့ အတွက် ဖြစ်နိုင်ချေတွေကို ပိတ်ဆို့ထားကြောင်း Lorenzo Lepore က ရေးသားခဲ့ပါတယ်။ ဆလိုဗေးနီးယား တိုက်စစ်မှူး ကိုတော့ အာဆင်နယ်၊ ချဲလ်ဆီး နှင့် လစ်ဗာပူးလ် တို့က စိတ်ဝင်စားနေကြပေမယ့်လည်း ပေါင် ၈၄ သန်း (ဒေါ်လာ ၁၁၁.၆ သန်း) အထက် ပေးချေရမှာ ဖြစ်တာကြောင့် လက်တွန့်နေကြပါတယ်။ ဝက်စ်ဟမ်း ကတော့ ကွင်းလယ်လူ မိုဟာမက် ကူဒု့စ် အတွက် ပေါင် ၆၅ သန်း (ဒေါ်လာ ၈၆ ဒသမ ၃ သန်း) ဝန်းကျင်နဲ့ ကမ်းလှမ်းတွေကို လက်ခံ စဉ်းစားသွားမှာ ဖြစ်ကြောင်း TBR Football က ဖော်ပြပါတယ်။ ဒီ ဂါနာ လက်ရွေးစင် ကစားသမား ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ်တွေက တရားဝင် ချဉ်းကပ်မှုများ ပြုလုပ်ဖို့ အသင့်ဖြစ်နေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်