နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၁၃/၈/၂၀၂၂)

စပါး ပစ်မှတ်ကို ကြားဖြတ် ခေါ်မယ့် ချဲလ်ဆီး၊ ကလက်ဂျစ်ကို ယူနိုက်တက်ဆီ မပြောင်းဖို့ အကြံပြုခဲ့တဲ့ ရန်းညက်ခ် စတဲ့ သတင်းတွေ အပါအဝင် ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်း တချို့ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

 

ဇန်နီယိုလိုကို ပူလီဆစ်နဲ့ အလဲထပ် လုပ်ပြီး ခေါ်ချင်နေတဲ့ ချဲလ်ဆီး

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးက ခေါ်ယူဖို့ ကြိုးစားနေတဲ့ ရိုးမား ကွင်းလယ် ကြယ်ပွင့် နီကိုလို ဇန်နီယိုလိုကို ချဲလ်ဆီးက ကြားဖြတ် ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ စပါးတို့ စီးရီးအေ ကွင်းလယ်လူကို ကနဦး အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားခဲ့ပေမယ့် မော်ရင်ဟိုရဲ့ ပိတ်ပင် တားဆီးမှုကြောင့် အပြောင်းအရွှေ့ ပျက်ထားခဲ့ရတာပါ။

ဒါ့အပြင် စပါးဟာ ဇာနီယိုလိုကို အငှားနဲ့ ခေါ်ယူပြီးနောက်မှာ ယူရို သန်း (၅၀) နဲ့ အပြီးသတ် စာချုပ်ချုပ်ဖို့ပါ ရိုးမားနဲ့ သဘောတူညီမှု ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန် မှာတော့ ဇာနီယိုလို အတွက် ပြောင်းရွှေ့ကြေး တိုးမြှင့် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ချဲလ်ဆီးက ခရစ္စတီယန် ပူလီဆစ်နဲ့ အလဲအထပ် လုပ်ပြီး ဇာနီယိုလိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုပြီး သတင်းတွေ ထွက်နေခဲ့တာပါ။ ဇာနီယိုလိုကို ခေါ်ယူဖို့ အခြား ဥရောပ ထိပ်တန်း အသင်းတွေ ကလည်း စောင့်ကြည့်နေခဲ့ပေမယ့် လက်ရှိ အချိန်ထိတော့ စပါး တစ်သင်းတည်းကပဲ တရားဝင် ကမ်းလှမ်းထားခဲ့ပါတယ်။

 

ယူနိုက်တက်ရဲ့ ပစ်မှတ်ကို အသင်း မပြောင်းဖို့ ရန်းညက်ခ် တိုက်တွန်း

သြစတြီးယား လက်ရွေးစင် အသင်း နည်းပြ ရက်ဖ် ရန်းညက်ခ်က ယူနိုက်တက်ရဲ့ ပစ်မှတ် စတုဂတ် တိုက်စစ်မှူး ဆာဆာ ကာလက်ဂျစ်ကို အသင်း မပြောင်းဖို့ အတွက် အကြံပေးခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ အခုလ အစောပိုင်းမှာ ကတည်းက အဲ့ဒီ သြစတြီးယား လက်ရွေးစင် တိုက်စစ်မှူး အပြင် ဆလိုဗေးနီးယား ကြယ်ပွင့် ဆက်စ်ကို, ကိုလည်း စောင့်ကြည့်နေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

ပရီးမီးယားလိဂ် ကလပ်ရဲ့ နည်းပြဟောင်း ရန်းညက်ခ်က “ကာလက်ဂျစ် အနေနဲ့ လက်ရှိ ရာသီ ဒဏ်ရာ ပြဿနာ ကင်းကင်းရှင်းရှင်းနဲ့ အမြင့်ဆုံး အဆင့်မှာ လေ့ကျင့်နိုင်ဖို့၊ ကစားနိုင်ဖို့ လိုအပ်ပါတယ်။
ဘင်ဂျမင် ဆက်စ်ကို,ကို မရလို့ ကလက်ဂျစ်ကို ပြောင်းလဲ ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ ရော်နယ်ဒို၊ ရပ်ရှ်ဖို့ဒ် တို့ရဲ့ အနာဂတ် မရေရာမှုကြောင့် တိုက်စစ်မှူးသစ် ရှာဖွေနေပြီး ဘင်ဂျမင် ဆက်စ်ကို,ကို ခေါ်ယူနိုင်ခြင်း မရှိခဲ့တဲ့နောက် ဘွန်ဒက်စ်လီဂါ တိုက်စစ်မှူး ကာလက်ဂျစ်ကို အဓိကထား စောင့်ကြည့်လာခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ရဲ့ နည်းပြဟောင်း ရန်းညက်ခ်က “ကာလက်ဂျစ် အနေနဲ့ လက်ရှိ ရာသီ ဒဏ်ရာ ပြဿနာ ကင်းကင်းရှင်းရှင်းနဲ့ အမြင့်ဆုံး အဆင့်မှာ လေ့ကျင့်နိုင်ဖို့၊ ကစားနိုင်ဖို့ လိုအပ်ပါတယ်။ သူ့အနေနဲ့ ဒီရာသီ စတုဂတ်မှာ ဆက်နေလို့လည်း သူ့ရဲ့ တိုးတက်မှုကို ထိခိုက်စေမှာ မဟုတ်ပါဘူး” လို့ အကြံပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရန်းညက်ခ်ဟာ လက်ရှိ နွေရာသီမှ ယူနိုက်တက်နဲ့ လမ်းခွဲထားခဲ့ပြီး သြစတြီးယား လက်ရွေးစင် အသင်းကို တာဝန်ယူ ကိုင်တွယ်နေတဲ့ နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။

 

ရာဘီယော့တ်နဲ့ ပတ်သတ်ပြီး ခံစားချက် မကောင်းဘူးလို့ ဆိုလိုက်တဲ့ သရဲနီဟောင်း

ဂျူဗင်တပ်စ် ကွင်းလယ်လူ အက်ဒရီယန် ရာဘီယော့တ်ကို မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် အဲ့ဒီ ကစားသမားရဲ့ နာမည်ကို ကြားတောင် မကြားဖူးဘူးလို့ သရဲနီ ကစားသမားဟောင်း လူမာကာရီက ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ ပြင်သစ် ကွင်းလယ် ကြယ်ပွင့် အတွက် ပြောင်းရွှေ့ကြေး ယူရို (၁၇) သန်းနဲ့ သဘောတူညီမှု ရရှိထားခဲ့ပြီးလည်း ဖြစ်ပါတယ်။ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရဖို့ ဆက်လက် ဆွေးနွေးနေပေမယ့် လုပ်ခလစာ ညှိနှိုင်းတဲ့ အပိုင်းမှာ အနည်းငယ် အဆင်မပြေ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ရာဘီယော့တ်နဲ့ ပတ်သက်လို့ မာကာရီက “ကျွန်တော် ရာဘီယော့တ်ရဲ့ နာမည်ကိုတောင် မကြားဖူးပါဘူး။ ကလပ် အသင်းတွေက ဥရောပမှာ ရှိတဲ့ ကစားသမားတွေကို စောင့်ကြည့်ဖို့ ပေါင် သန်းနဲ့ချီပြီး သုံးနေတာပါ။ ဒါပေမယ့် ဒီကစားသမားကို ခေါ်ယူဖို့ ကြိုးစားတယ်လို့ ကျနော် မကြားမိပါဘူး”

“ခင်ဗျားတို့ရော ဒါကို ဘာကြောင့်လို့ ထင်ကြလဲ။ ကျွန်တော် ကတော့ ဒီကစားသမားနဲ့ ပတ်သက်လို့ ခံစားချက် မကောင်းပါဘူး” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်