နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တစ်ရာသီလုံးမှ ၂ မှတ်ပဲ ရသေးတဲ့ အသင်းကို ၁ မှတ် ထပ်လှူခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ညက ယှဉ်ပြိုင်ကစားသွားတဲ့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက်က ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်နဲ့ တစ်ဖက် တစ်ဂိုးစိ သရေကျသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ အမှတ်ပေးဇယား အောက်ဆုံးမှာ ကြမ်းတိုက်နေရတဲ့ ဝုဗ်ကို အိမ်ကွင်းမှာ အပြည့်အဝ အသာစီးရယူ ကစားနိုင်ခြင်း မရှိပဲ နည်းပြ ရူဘင် အမော်ရင်ရဲ့ နည်းစနစ်ပိုင်းနဲ့ လူစားလဲပုံ အားနည်းချက်တွေကြောင့် သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာလည်း ယူနိုက်တက်က ၄ ယောက်တန်း ခံစစ်နဲ့ အတူ လမ်မန်းစ်၊ ဟဲဗန်း၊ မာတီနက်ဇ်၊ ရှော၊ ဒါးလော့တ်၊ ကက်စ်မဲရိုး၊ အူဂါတေး၊ ဒေါဂူ၊ ဇစ်ခ်ဇီး၊ ကူညာ၊ ဆက်စ်ကို တို့ ပွဲထွက်လာခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် ရမှတ် ၂ မှတ်သာ ရရှိထားပြီး ရုန်းကန်နေရတဲ့ ဝုဗ် ကလည်း ယူနိုက်တက်ဆီက တတ်နိုင်သမျှ အမှတ်ယူဖို့ အားစိုက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က သူတို့နဲ့ လူစာရင်း အရ သိသိသာသာ အားနည်းနေတဲ့ ဝုဗ်ကို ခြေရည်တူ အသင်းလိုမျိုး ကစားသွားခဲ့ရပါတယ်။ ဝုဗ်ဟာ ၁၁ ပွဲဆက်တိုက် ရှုံးထားတဲ့ အသင်း ဖြစ်ပေမယ့် တန်းဆင်းရဖို့ များနေတဲ့ အသင်းပီပီ အသေအလဲ ရုန်းသွားတာကြောင့်လည်း ယူနိုက်တက်တို့ ခက်ခဲခဲ့ရတာပါ။ ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို ဂျော်ရွှာ ဇစ်ခ်ဇီးက ပွဲချိန် ၂၇ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ဒီဂိုးကို ပြန်ကြည့်ရင်တော့ ပြိုင်ဘက် ကစားသမား ခရက်ဆီနဲ့ ထိကာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးမတိုင်ခင်နဲ့ ဂိုးရအပြီးမှာ ယူနိုက်တက်တို့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ လုပ်နိုင်ခဲ့သလို ဆက်စ်ကိုလည်း တတ်နိုင်သမျှ အဆုံးသတ်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂိုးတော့ မရခဲ့ပါဘူး။ ၃၇ မိနစ် မှာတော့ ဝုဗ်တို့ ချေပဂိုး ရသွားခဲ့ပြီး ခရက်ဆီက သွင်းယူပေးခဲ့တာပါ။ ပထမပိုင်း အပြီးမှာ ၁-၁ ဖြစ်နေခဲ့ပြီး ဒုတိယပိုင်းမှာ ယူနိုက်တက်က တိုက်စစ်မြှင့်ရမယ့် အစား ဖလက်ချာနဲ့ လီနီ ယိုရို တို့ကို ထည့်သွင်းခဲ့ပြီး ခံစစ် အားပြုတဲ့ ပုံစံ ပြန်သွားခဲ့ပါတယ်။ ဒီလို လူစားလဲမှုတွေက နည်းပြ ရူဘင် အမော်ရင် အပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပြီး သူ့ အနေနဲ့ နယူးကာဆယ်နဲ့ ပွဲမှာ အဆင်ပြေခဲ့တဲ့ ပုံစံ အတိုင်း ဘာကြောင့် ဆက်မသွားလဲ ဆိုတာ စဉ်းစားစရာပါပဲ။ ပွဲပြီးခါနီးမှာ ပက်ထရစ် ဒေါဂူ ဂိုးသွင်းနိုင်ခဲ့လို့ ယူနိုက်တက်တို့ ၃ မှတ် ရပြီလို့ ထင်ခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာ ဒေါဂူ လူကျွံနေခဲ့လို့ ၁-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

 

ယူနိုက်တက်တို့ ဘာတွေ မှားခဲ့ပြန်သလဲ

ယူနိုက်တက်ဟာ လာမယ့် ဇန်နဝါရီ ၄ ရက်နေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ အဖြစ် လိဒ်စ်ယူနိုက်တက်နဲ့ ကစားဖို့ ရှိပြီး ဝုဗ် ကတော့ ၃ ရက်နေ့မှာ ဝက်စ်ဟမ်းနဲ့ ကစားရမှာပါ။
ပရီးမီးယားလိဂ် ၁၁ ပွဲဆက် ရှုံးနိမ့်မှုကို ရပ်တန့်နိုင်ခဲ့တဲ့ ဝုဗ်

ဒီနေ့ပွဲမှာ အနိုင်မရခဲ့တဲ့ အတွက် အရင်ဆုံး လက်ညှိုးထိုးခံခဲ့ရသူက အမော်ရင်ပါ။ တကယ်လည်း အမော်ရင် အနေနဲ့ ကိုယ့်အသင်း ဂိုးလိုအပ်နေချိန်မှာ ဘာကြောင့် တိုက်စစ်ဆင်ဖို့ ဦးစားမပေးပဲ ခံစစ်ကို ပိုပြီး အားပြုခဲ့တာက တော်တော်လေးတော့ စဉ်းစားရခက်ပါတယ်။ ဝုဗ်လို ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ စွမ်းဆောင်ရည် အညံ့ဆုံး အသင်းနဲ့ ရင်ဆိုင်ရချိန်မှာ တစ်ဖက်သတ် ဖိအားပေး ကစားပြီး တိုက်စစ်ဆင်ရမယ့် အစား ခံစစ်ကို အားပြုခဲ့တာ ကတော့ နည်းပြ အနေနဲ့ သွေးကြောင်လွန်းတယ်လို့ သုံးသပ်ရပါမယ်။ နောက်ပြီးတော့ ကိုယ့်အသင်းက ဦးဆောင်ထားနိုင်တာ မဟုတ်ပဲ ၅၀-၅၀ အခြေအနေမှာ အမော်ရင် အနေနဲ့ Risk ယူကို ယူရမှာပါ။

ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်လည်း ဒီပွဲမှာ ဂိုးသမား ဆန်နီ လမ်းမန်းစ် တစ်ယောက်လောက်ပဲ အားကိုးခဲ့ရပါတယ်။ တချို့အလုံးတွေကို လမ်မန်းစ်သာ မကယ်နိုင်ခဲ့ရင် ယူနိုက်တက်တို့ သ‌ရေ တစ်မှတ်တောင် ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီပွဲမှာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ထက် နည်းပြ ဖြစ်သူရဲ့ ဆုံးဖြတ်ချက်တွေကိုသာ အပြစ်တင်ရမှာ ဖြစ်ပါတယ်။

 

ဝုဗ်ရဲ့ ဆိုးရွားလွန်းတဲ့ စံချိန်တင် မှတ်တမ်းများ

ဝုဗ်ဟာ ၁၉၉၄ ခုနှစ်က အစ်ပ်ဆွစ်ချ်တောင်း တင်ထားခဲ့တဲ့ ပြက္ခဒိန် တစ်နှစ်တာ အတွင်း ပရီးမီးယားလိဂ် ရှုံးပွဲ (၂၆ ပွဲ) အများဆုံး စံချိန် ကိုတော့ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၅ ခုနှစ် အတွင်း သူတို့ရဲ့ တစ်ပွဲ ပျမ်းမျှ ရမှတ်က ၀.၇၆ မှတ် (၃၈ ပွဲမှာ ၂၉ မှတ်) သာ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်က ဟက်ဒါဖီးလ်တောင်း (၃၇ ပွဲ ၂၃ မှတ်၊ ၀.၆၂) နောက်ပိုင်း ပရီးမီးယားလိဂ် တစ်နှစ်တာ အတွင်း အဆိုးရွားဆုံး အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဝုဗ်ဟာ ၁၉၀၂-၁၉၀၃ ခုနှစ်က ဘောလ်တန် ပြီးရင် ရာသီအစ ကနေ ၁၉ ပွဲ အထိ အနိုင်မရခဲ့တဲ့ ဒုတိယမြောက် အသင်း ဖြစ်လာခဲ့ပါတယ်။ သူတို့ဟာ ၂၀၀၆-၂၀၀၇ ခုနှစ်က လိဂ်တူးမှာ မက်စလက်စ်ဖီးလ်တောင်း ပြီးရင် အင်္ဂလန်ရဲ့ ထိပ်တန်းလိဂ် ၄ ခုမှာ နိုင်ပွဲ မရမှု အရှည်ကြာဆုံး အသင်းလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့ဟာ ပရီးမီးယားလိဂ် နှစ်ရာသီ ဆက်တိုက် (၂၀၂၄-၂၅ မှာ ၄၂ ဂိုး၊ ၂၀၂၅-၂၆ မှာ ၄၀ ဂိုး) ဂိုး ၄၀ ပေးခဲ့ရတဲ့ ပထမဦးဆုံး အသင်းလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုလို ဆိုးရွားတဲ့ မှတ်တမ်းတွေ ရှိနေသည့် တိုင်အောင် အခုပွဲ ဝုဗ်ရဲ့ ကစားပုံကြောင့် ၂၀၂၆ ခုနှစ် နှစ်ဦးမှာ အကောင်းဆုံး ပြန်လာနိုင်မလား ဆိုတဲ့ အတွေးကို ဝင်စေခဲ့ပါတယ်။

 

လာမယ့် ပွဲစဉ်များ

ယူနိုက်တက်ဟာ လာမယ့် ဇန်နဝါရီ ၄ ရက်နေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ အဖြစ် လိဒ်စ်ယူနိုက်တက်နဲ့ ကစားဖို့ ရှိပြီး ဝုဗ် ကတော့ ၃ ရက်နေ့မှာ ဝက်စ်ဟမ်းနဲ့ ကစားရမှာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်