နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စိန့်ဂျိမ်းစ်ပါ့ခ် ကောင်းကင်ထက်မှာ အမြင့်ဆုံး ပျံသန်းဦးမယ့် ငှက်ကြားများ | နယူးကာဆယ် – ဘရိုက်တန် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

နယူးကာဆယ် – ဘရိုက်တန်

ပရီးမီးယားလိဂ်မှာ ရလဒ်တွေ တောက်လျောက် ကောင်းမွန်နေခဲ့တဲ့ နယူးကာဆယ်တို့ အခုတစ်ပတ် စနေနေ့မှာတော့ ဘရိုက်တန်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အလယ်ကို တစ်ဆင့်ချင်း တက်လှမ်းနေတဲ့ နယူးကာဆယ်တို့ ဇယား အောက်ကို တအိအိ ကျဆင်းလာတဲ့ ဘရိုက်တန်ကို အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမယ့် ပွဲဖြစ်ပါတယ်။

ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် ရှုံးပွဲ မရှိထားတဲ့ နယူးကာဆယ်တို့ ပရီးမီးယားလိဂ် မှာလည်း ၇ ပွဲဆက် ရှုံးပွဲ မရှိခဲ့လို့ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၄ နေရာ အထိ ပြန်လည် ရောက်ရှိနေခဲ့ပါတယ်။ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ ကစားသမားတွေရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ရလဒ်တွေ တောက်လျောက် ကောင်းနေခဲ့တဲ့ အက်ဒီဟောင်းရဲ့ အသင်းက စိတ်ဓာတ်ပိုင်းမှာလည်း တော်တော်လည်း မြင့်တက်နေတယ်လို့ ပြောလို့ ရပါတယ်။ ၄-၃-၃ ကစားကွက်နဲ့ တဖြည်းဖြည်း အံ့ဝင်လာပြီး ပြိုင်ဘက်တိုင်းကို High Pressing နဲ့ ပြန်လည် ဖိအားပေး ရင်ဆိုင်နေတာ တွေ့ရပါတယ်။ ငှက်ကြားတွေ အနေနဲ့ လက်ရှိ တန်းဆင်းဇုန် အဆင့် ၁၈ နေရာက ဘန်လေကို ၄ မှတ် ဖြတ်ထားနိုင်ပြီး ပွဲလျော့ ကစားထားလို့ စိတ်ပူစရာ သိပ်မရှိပေမယ့် စိတ်တော့မချရသေးဘူးလို့ ပြောလို့ ရပါတယ်။ ဒါကြောင့် အခုပွဲမှာလည်း အက်ဒီဟောင်းရဲ့ အသင်းက အမြင့်ဆုံး စိတ်ဓာတ်နဲ့ အကောင်းဆုံး ခြေစွမ်းကို ထိန်းထားနိုင်ဖို့ ကြိုးစားလာဖို့ ရှိနေပြီး အတောင့်တင်းဆုံး လူစာရင်းနဲ့ပဲ ဘရိုက်တန်ကို ရင်ဆိုင်လာမှာ သေချာပါတယ်။ အခုလာမယ့် ပွဲမှာ အဓိက တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ စိန့်မက်ဆီမင် ပြန်လည် ပါဝင်လာနိုင်ချေ ရှိနေပေမယ့် ထရစ်ပီယာ၊ ကော်လမ် ဝီလ်ဆင်၊ ဟေဒန်၊ လီဝစ်၊ ကလာ့ခ် တို့ကတော့ လွဲချော်မှာ ဖြစ်ပါတယ်။ ခရစ္စဝုဒ်၊ ဖရေဆာ၊ မာဖီ တို့ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ဝေးလ်လော့ခ်၊ ရှဲလ်ဗီ၊ ဂျိုးလင်တန်၊ တားဂတ်၊ ဘန်း၊ ရှား၊ ခရက်ဖ်၊ ဒူဗရက်ဗ်ကာ တို့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။

ရာသီအစ ပရီးမီးယားလိဂ် မှာ ဟုန်းဟုန်းတောက်ခဲ့တဲ့ ဘရိုက်တန်တို့ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေတာကြောင့် အဆင့် ၁၀ နေရာအထိ ရောက်ရှိနေခဲ့ပြီး အချိန်မရွေး အဆင့် ထပ်ကျနိုင်တဲ့ အခြေအနေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ ဘရိုက်တန်

ရာသီအစ ပရီးမီးယားလိဂ် မှာ ဟုန်းဟုန်းတောက်ခဲ့တဲ့ ဘရိုက်တန်တို့ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေတာကြောင့် အဆင့် ၁၀ နေရာအထိ ရောက်ရှိနေခဲ့ပြီး အချိန်မရွေး အဆင့် ထပ်ကျနိုင်တဲ့ အခြေအနေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိခဲ့တဲ့ ဘရိုက်တန် တို့ ကျန် ၄ ပွဲစလုံး ရှုံးနိမ့်ထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ရဂိုး မရှိ ရှုံးနိမ့်ထားတဲ့ ဘရိုက်တန်တို့ ခြေစွမ်း တော်တော်လေး ကျဆင်းနေသလို ကစားသမားတွေ အနေနဲ့ စိတ်ဓာတ်ပိုင်းလည်း ကျဆင်းနေမှာ သေချာပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ပွဲမှာ ဆိုရင် ဘရိုက်တန်တို့ ဘောလုံးပိုင်ဆိုင်မှု၊ အခွင့်အရေး ဖန်တီးမှု စတဲ့ အပိုင်းတွေမှာ အသာရခဲ့ပေမယ့် အဆုံးသတ် အားနည်းလွန်းခဲ့ပြီး ပြိုင်ဘက်ရဲ့ တန်ပြန်တိုက်စစ်ကို မထိန်းချုပ်နိုင်လို့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ လက်တလော အသင်းမှာ လယ်လာနာ၊ ဝက်ဘ်စတား တို့ ပြန်လည် ပါဝင်လာနိုင်ဖွယ် ရှိနေပေမယ့် မွီပူ ကတော့ တံကောက်ကြော ဒဏ်ရာကြောင့် ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပါတယ်။ ပွဲထွက်လူစာရင်း မှာတော့ မူပေး၊ ထရော့ဆက်ဒ်၊ မာ့ချ်၊ အဲလ်လစ်စတား၊ ဘစ်ဆူးမား၊ မိုဒါ၊ လမ့်ပ်တေး၊ ကူကာရယ်လာ၊ ဒန့်ခ်၊ ဗဲ့လ်မန်း၊ ဆန်းချက်ဇ် တို့ ပါဝင်လာဖွယ် ရှိနေပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
မန်ချက်စတာ ယူနိုက်တက်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု အရ ဆိုရင်တော့ ဘရိုက်တန်တို့ အပြတ်အသတ် အသာရခဲ့တယ်လို့ ပြောလို့ ရပြီး ပြီးခဲ့တဲ့ ၁၃ ကြိမ်မှာ ၆ ကြိမ်အထိ အနိုင်ရခဲ့ပါတယ်။ နယူးကာဆယ် ကတော့ ၂ ကြိမ်သာ ပြန်လည် အနိုင်ရခဲ့ပြီး ၂၀၁၇ ခုနှစ်တုန်းက နောက်ဆုံး အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ ထိပ်တိုက်တွေ့ဆုံမှု မှာတော့ တစ်ဖက် ၁ ဂိုးစီ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ နယူးကာဆယ် အတွက် ၂.၇၅ ဆ၊ သရေ အတွက် ၃.၂၀ ဆ၊ ဘရိုက်တန် အတွက် ၂.၆၂ ဆ ကြေးဖွင့်ပေးထားပါတယ်။ အစဉ်အလာအရ ဆိုရင် ဘရိုက်တန်ဟာ နယူးကာဆယ်နဲ့ တွေ့ဆုံချိန်တိုင်းမှာ အသာရခဲ့ပေမယ့် လက်ရှိ ခြေစွမ်း၊ စုဖွဲ့မှုနဲ့ စိတ်ဓာတ်အရတော့ နယူးကာဆယ် ကို ယှဉ်ကစားဖို့ တော်တော်လေး ခက်ခဲနေပါလိမ့်မယ်။ ဒီပွဲမှာလည်း အိမ်ရှင် ဖြစ်တဲ့ နယူးကာဆယ် ကိုပဲ ယုံကြည်ထားချင်ပါတယ်။ အပြန်အလှန် သွင်းဂိုး တချို့ ရှိလာနိုင်ပေမယ့် နယူးကာဆယ် ဘော်ဒီပဲ ရွေးချယ်သင့်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်