အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၂၂ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဗင်နီးစီးယပ်စ် ဂျူနီယာရဲ့ အေးဂျင့်တွေ ကတော့ သူတို့ရဲ့ ကစားသမားကို မတူညီတဲ့ ကလပ် အသင်း ၄ သင်းလောက်က ကမ်းလှမ်းထားကြောင်း အသိပေးလာပါတယ်။ ပရီးမီးယားလိဂ် ကလပ် နှစ်သင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ကလည်း ဘေယန်မြူးနစ်၊ ပီအက်စ်ဂျီ တို့နဲ့ အတူ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ပါဝင်လာကြောင်း သိရပါတယ်။
လာလီဂါ ထိပ်သီး အက်တလက်တီကိုမက်ဒရစ်နဲ့ ဘာစီလိုနာ နှစ်သင်းစလုံးဟာ ဘုန်းမောက် ဗဟိုနောက်ခံလူ မားကို့စ် ဆီနက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ အသက် ၂၈ နှစ် အရွယ် အာဂျင်တီးနား ဗဟိုခံစစ်မှူး ကတော့ လက်ရှိမှာ ဈေးကွက်တန်ကြေး ပေါင် ၁၆ သန်း ဝန်းကျင်သာ ရှိနေသူ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ လိုက်ပ်ဇစ် အသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ ကတ်စတီလို လု့ခ်ကီဘာ၊ အန်တိုနီယို နူဆာနဲ့ ရိုမူလို ကာဒိုဆို တို့ သုံးဦးစလုံးကို စိတ်ဝင်စားနေပါတယ်။ ဒီအပြောင်းအရွှေ့တွေ အတွက် လာမယ့် နွေရာသီမှာ ရက်ဘူးလ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲ ယာဂန် ကလော့ပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း DefensaCentral က ဖော်ပြပါတယ်။
ရွန်နီ ဘက်ဂ်ဂျီရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပါရမီကြောင့် ဘာစီလိုနာ တာဝန်ရှိသူတွေက ဆွီဒင်သားကို လာမင်း ယာမယ်ရဲ့ အရန်ကစားသမား ဖြစ်လာနိုင်တဲ့ အဖိုးတန် ကစားသမား အဖြစ် ယုံကြည်လာကြပါတယ်။ ကတ်တာလန် ကလပ်ဟာ ကစားသမားရဲ့ အရည်အချင်းတွေကို ယုံကြည်တာကြောင့် ပရီးမီးယားလိဂ် ကလပ် များစွာရဲ့ ယူရို ၁၀ သန်း (ဒေါ်လာ ၁၁.၈ သန်း) နဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။

ဇာဘီ အလွန်ဆိုရဲ့ ရီးရဲလ်မက်ဒရစ် ကတော့ စတုဂတ်က အိန်ဂျလို စတီလာကို ခေါ်ယူဖို့ အိပ်မက် ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ်ရဲ့ ဒီအပြောင်းအရွှေ့က ဒန်နီ ဆီဘာလော့စ်ရဲ့ ထွက်ခွာမှု အပေါ် မူတည်နေကြောင်း DefensaCentral က ဖော်ပြပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဖတ် ကတော့ ၀ါရင့် အီတလီ တိုက်စစ်မှူး မာရီယို ဘာလော့တယ်လီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်လာပါတယ်။ လက်ရှိ အသင်းမှာ ပြည်ပကစားသမားတွေ အရေအတွက် အပြည့် ခေါ်ယူထားပြီး ဖြစ်ပေမယ့် ဘာလော့တယ်လီကို ခေါ်ယူဖို့ စိတ်ဝင်စားနေခြင်း ဖြစ်ကြောင်း သိရပါတယ်။
အသက် ၃၅ နှစ် ရှိပြီ ဖြစ်တဲ့ ဘာလော့တယ်လီဟာ အင်တာမီလန်၊ အေစီမီလန်၊ မန်စီးတီး၊ လစ်ဗာပူးလ် အစ ရှိတဲ့ အသင်းတွေမှာ ကစားခဲ့ဖူးသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက ဂျီနိုအာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့နောက် အသင်း လက်မဲ့ ဖြစ်နေသူပါ။ ဒါပေမယ့် ကစားသမား ဘဝ ကနေ အနားမယူသေးပဲ အသင်းသစ် ရှာဖွေနေဆဲဖြစ်တာကြောင့် အဲလ်အက်တီဖတ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ၂၀၂၈ ခုနှစ် အထိ စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းသွားဖွယ် ရှိနေကြောင်း သိရပါတယ်။
အူစမန်နီ ဒမ်ဘီလီ ကတော့ ပီအက်စ်ဂျီမှာ ပွဲထွက်ကစားချိန် လျော့ကျနေတဲ့ အတွက် စိတ်ပျက်နေကြောင်း သိရပါတယ်။ ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး တစ်ရာသီ အတွင်း ဆုဖလား ၆ လုံးနဲ့ အတူ ၂၀၂၅ ခုနှစ် အတွက် ဘယ်လွန်ဒေါနဲ့ The Best ဆုတွေလည်း ရရှိထားပါတယ်။ ဒါပေမယ့်လည်း ဒီရာသီ မှာတော့ ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ပွဲကစားချိန် လျော့ကျနေတာ ဖြစ်ပြီး ပြင်သစ် လီဂူးဝမ်း ၈ ပွဲမှာ ၃ ပွဲသာ ပွဲထွက် ကစားသမား အဖြစ် ကစားခွင့်ရထားခဲ့ပါတယ်။
ဒမ်ဘီလီဟာ စက်တင်ဘာလဆန်းပိုင်းမှာ ပြင်သစ် လက်ရွေးစင် အသင်း အတွက် ယှဉ်ပြိုင် ကစားနေစဉ် တံကောက်ကြော ဒဏ်ရာရရှိခဲ့တာကြောင့် ၆ ပတ်ကြာ အနားယူခဲ့ရသူပါ။ ဒါကြောင့် ပီအက်စ်ဂျီ နည်းပြ အန်နရီကေးက သူ့ရဲ့ ပွဲကစားချိန်တွေကို လျှော့ချနေတာ ဖြစ်ပေမယ့် ဒမ်ဘီလီ ကတော့ ပွဲထွက်ကစားနိုင်ပြီလို့ ယုံကြည်နေတာကြောင့် စိတ်ပျက်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


