နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကိုပါအီတလီယာ ဖလား ချန်ပီယံ ဖြစ်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်ကြာ ဖလား ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ ဘိုလော့ဂ်နာ

ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ကိုပါအီတလီယာဖလား ဗိုလ်လုပွဲ မှာတော့ ဘိုလော့ဂ်နာက အေစီမီလန်ကို ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။ စီးရီးအေ နှစ်သင်း ကစားတဲ့ ပွဲစဉ် ဖြစ်သလို ဗိုလ်လုပွဲ ဖြစ်နေတာကြောင့် ထိန်းကစားသွားခဲ့ကြလို့ စိတ်ဝင်စားစရာတော့ သိပ်ပြီး မကောင်းခဲ့ပါဘူး။ ဒါပေမယ့်လည်း တိုက်စစ် အဆုံးသတ် ပိုပြီး သေချာခဲ့တဲ့ ဘိုလော့ဂ်နာ က နိုင်ပွဲ အရယူနိုင်ခဲ့ပြီး ကိုပါအီတလီယာ ဖလားနဲ့ အတူ နှစ်ပေါင်း ၅၀ ကျော်ကြာ ဆုဖလားနဲ့ ဝေးကွာနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အေစီမီလန်က လူကာ ယိုဗစ်၊ ပူလီဆစ်၊ လီယောင်၊ ရီအင်ဒါ၊ တိုမိုရီ၊ မိုက်ဂ်နန် တို့လို ကစားသမားတွေနဲ့ လူစုံထုတ် ပွဲထွက်လာခဲ့သလို ဘိုလော့ဂ်နာ ဘက်မှာလည်း ကတ်စ်ထရို၊ အန်ဒိုရီ၊ ဖရီအူလာ၊ လူကူမီ တို့နဲ့ လူစုံခဲ့ပါတယ်။ ပွဲက နောက်ပိုင်းမှသာ အီသွားပေမယ့် ပွဲအစပိုင်းမှာတော့ ဖျော်ဖြေမှု အပြည့် ပေးနိုင်ခဲ့တယ်လို့ ပြောရပါမယ်။ အပြန်အလှန် တိုက်စစ်ဆင်မှုတွေနဲ့ အတူ နှစ်သင်းစလုံး ဦးဆောင်ဂိုး ရနိုင်တဲ့ အခြေအနေတွေ ရှိခဲ့ပေမယ့် ဖြုန်းတီးပစ်ခဲ့ကြပါတယ်။ ပွဲချိန် ၁၀ မိနစ်လောက်မှာ အေစီမီလန်တို့ ဦးဆောင်ဂိုး ရနိုင်မယ့် အခွင့်အရေး ရှိခဲ့ပေမယ့် လူကာ ယိုဗစ်ရဲ့ အဆုံးသတ် မသေချာမှုနဲ့ ဂိုးသမား စကော်ရပ်စကီးရဲ့ လက်စွမ်းပြမှုကြောင့် ဘိုလော့ဂ်နာတို့ ကံကောင်းခဲ့ပါတယ်။ ဘိုလော့ဂ်နာ အတွက် တစ်လုံးတည်းသော သွင်းဂိုး ကိုတော့ ဒုတိယပိုင်းမှာ အန်ဒိုရီက သွင်းယူပေးခဲ့တာ ဖြစ်ပြီး လက်ကျန် မိနစ်တွေ မှာတော့ ဘိုလော့ဂ်နာ တို့ ခံစစ် စွမ်းရည်တွေ ပြသခဲ့လို့ အေစီမီလန်တို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဒါ့အပြင် ဘိုလော့ဂ်နာဟာ ကိုပါအီတလီယာ ဖလားမှာ ချန်ပီယံ ဖြစ်ခဲ့တာကြောင့် လာမယ့် ရာသီ ယူရိုပါလိဂ် တိုက်ရိုက် ဝင်ခွင့်ရသွားခဲ့ပါတယ်။
ဘိုလော့ဂ်နာ ရောက်မှ ဗိုလ်လုပွဲ ကျိန်စာဆိုးတွေကို ချေဖျက်နိုင်ခဲ့တဲ့ ဗင်ဆန်ဇို အီတာလီယာနို

ဒီပွဲ မတိုင်ခင် ၄ ပွဲဆက် အနိုင်ရထားတဲ့ ကွန်ဆီကာအိုရဲ့ အေစီမီလန်က ဒီနေ့ပွဲ ကိုလည်း အကောင်းဆုံး ကစားပြီး ဒီရာသီကို ဖလား ၂ လုံး အောင်မြင်မှုနဲ့ အဆုံးသတ်ဖို့ ကြိုးစားခဲ့တာပါ။ အေစီမီလန်ဟာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကပဲ ဘိုလော့ဂ်နာနဲ့ ပူပူနွေးနွေး တွေ့ဆုံထားပြီး ၃-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အေစီမီလန်ဟာ အခုလို အရေးကြီးတဲ့ ပွဲစဉ် မှာတော့ ဘိုလော့ဂ်နာကို အနိုင်ယူဖို့ အဖြေမရှာနိုင်ခဲ့ပဲ အရေးပါတဲ့ ဖလား တစ်လုံး လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဘိုလော့ဂ်နာ ကတော့ ရာသီအစမှာ အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ ရီကာဒို ကာလာဖီအိုရီ၊ ဇီယက်ခ်ဇီး တို့ကို လက်လွှတ်ခဲ့ရသလို နည်းပြ သီယာဂို မော့တာရဲ့ စွန့်ခွာခြင်းကိုပါ ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘိုလော့ဂ်နာက နည်းပြသစ် ဗင်ဆန်ဇို အီတာလီနိုနဲ့ အတူ နှစ်ပေါင်း များစွာ အကြာမှာ တကျော့ပြန် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဗင်ဆန်ဇို အီတာလီယာနို အနေနဲ့လည်း အသင်းဟောင်း ဖီအိုရင်တီနားနဲ့ အတူ ယူရိုပါကွန်ဖရင့်လိဂ်မှာ ဗိုလ်လုပွဲ ၂ ကြိမ်၊ ကိုပါအီတလီယာမှာ ဗိုလ်လုပွဲ ၁ ကြိမ် ရောက်ခဲ့ပြီးမှ အကြိမ်ကြိမ် လွဲချော်ထားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အီတလီသား နည်းပြဟာ ဘိုလော့ဂ်နာကို ရောက်ရှိပြီးမှ ဆုဖလား ကျိန်စာသင့်မှကို အဆုံးသတ်နိုင်ခဲ့ပြီး နည်းပြဘဝ ပထမဦးဆုံး ဆုဖလား ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘိုလော့ဂ်နာဟာ ကိုပါအီတလီယာ ဖလားမှာ ချန်ပီယံ ဖြစ်ခဲ့တာကြောင့် လာမယ့် ရာသီ ယူရိုပါလိဂ် တိုက်ရိုက် ဝင်ခွင့်ရသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘိုလော့ဂ်နာက စီးရီးအေမှာ အဆင့် ၇ နေရာမှာ ရပ်တည်နေပေမယ့် အဆင့် ၄ နေရာက ဂျူဗင်တပ်စ်နဲ့ ၂ မှတ်သာ ကွာဟနေတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ကြိုးစားသွားဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်